Jun 07, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံက သဘာပတိအဖြစ်ကြီးမှူးကျင်းပသည့် CIRDAP အဖွဲ့၏ (၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့တက်ရောက်ရန် ယမန်နေ့ညနေ ၄ နာရီ ၂၅ မိနစ် က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မြန်မာအပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားသည်။
Jun 06, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် စက်ဘီးစက်ရုံ (ကျောက်ဆည်)၊ အပ်ချုပ်စက်စက်ရုံ (ကျောက်ဆည်)၊ ဖိနပ်စက်ရုံ (ကျောက်ဆည်)၊ အမှတ် (၉) အထည်စက်ရုံ (ကျောက်ဆည်) နှင့် သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်) တို့သို့ ရောက်ရှိပြီး စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 06, 2024
လျှပ်စစ်သုံးယာဉ် ဆရာဖြစ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားသည်။
Jun 06, 2024
နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Jun 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာသို့ရောက်ရှိပြီး ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတို့မှ အသင်းအမှုဆောင်များ၊ အသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်တောင်ကျေးရွာ ဖူဂျီဥစားကြက် မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံမှုဂရုပြုရေး၊ စျေးကွက်ကိုအခြေခံသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။
Jun 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jun 03, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jun 03, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၁ ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်) ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။
Jun 02, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဓာတုနည်းပညာ သုတေသနဗဟိုဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးသုတေသနလုပ်ငန်းများမှ MSME လုပ်ငန်းရှင်များက အဆိုပြုတောင်းဆိုထားသည့် နည်းပညာများကို လွှဲပြောင်းပေးခြင်းနှင့် ဖြန့်ဝေပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်သည်။
Jun 02, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ် အဝင်လမ်း(လမ်းသစ်)၊ ချောက်-စဉ့်ကူ-ပုဂံလမ်း၊ ကျောက်ပန်း တောင်း-ညောင်ဦး-ပုဂံလမ်းနှင့် ညောင်ဦး-မြင်းခြံလမ်း (မြို့တွင်း လမ်း) တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
May 31, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 29, 2024
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂)ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများနှင့်ပတ်သက်၍ သုတေသနနှင့် လူ့စွမ်းအားမြှင့်တင်ရေးလိုအပ်ချက်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၄၉ မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
May 29, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒေသဆိုင်ရာအေဂျင်စီဥက္ကဋ္ဌများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 29, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 22, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့်အခြားသီးနှံများ မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးကြသည်။
May 22, 2024
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။
May 20, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် နှင့်အတူ ဟိုပုံးမြို့နယ်လွယ်အွန့်ကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အစုအဖွဲ့ဖြင့်ဆောင်ရွက်သောလုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးရေး၊ ဒေသ၏အသားငါးဖူလုံရေးတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
