Skip to main content

Nov 04, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း တောင်ငူ- ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူး- ရွှေလှေနှင့် ပဲခူး-နောင်ပတ္တရားအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရထားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (DRC)ရှိ RBE များ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂ ရက်က နေပြည်တော်ရှိ ဂျက်စမင် နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2023

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း(Asia-Pacific Institute for Broadcasting Development - AIBD)တို့ ပူးပေါင်း၍ လက်ရှိမီဒီယာအခင်းအကျင်းတွင် သမားရိုးကျမီဒီယာမှ မီဒီယာအသစ် Streaming Platform သို့ ကူးပြောင်းမှုပညာရပ်ဆိုင်ရာနည်းပညာများနှင့် ဗဟုသုတများကိုမျှဝေရန်တို့ကို ရည်ရွယ်ကျင်းပခဲ့သည့် Workshop on Streaming Technologies and Content Strategy အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

မြန်မာနိုင်ငံရှိ ရေထွက်ပစ္စည်းများတွင်ပါဝင်သည့် ဘက်တီးရီးယားပိုးမွှားများ၊ ဓာတုဆေးဝါးဓာတ်ကြွင်းများ၊ သဘာဝတွင်တွေ့ရသော ဓာတုညစ်ညမ်းမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု (Parameter) အသစ်များ တိုးချဲ့နိုင်ရန်အတွက် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေ၍ မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ပြည်ပသင်တန်းအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2023

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုင်ဝင်ဘာ ၁ ရက်က ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ် - အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2023

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသစ်ခန့်အပ်ခဲ့သော အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနသင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2023

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သံဃာတော် ၄၁၇ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံ ဦးစန်းလှိုင်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲဧည့်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့မှုများပေးအပ်ကာ ရုံးအဆောက်အအုံ မြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (39th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) နှင့် (Technical Workshop) များသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့်လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများသို့ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂိုဒေါင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်များအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ထားဝယ်)သို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ အုပ်ချုပ်မှုရုံး၊ စားရိပ်သာ၊ ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကကျောင်းသို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက်၏ ပဓာနနာယကဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ပိဋကတ်သုံးပုံအဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်နှင့် ဋီကာ ၁၈ အုပ်တို့ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူမပျက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်၊၊

ဆက်လက်ဖတ်ရှုရန်

Oct 14, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ UMFCCI Office Tower မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်