Skip to main content

Jul 28, 2025

EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၅ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 28, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၂၄ ရက်က လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ အောင်နိုင်တိုးစပါးစိုက်ပျိုးပွဲသို့ တက်ရောက်အားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့်များသုံးစွဲသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်နှင့် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများအား သက်ဆိုင်ရာဦးစီးဌာနနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် အကြံပြုဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2025

တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအားလုံး လယ်ယာကဏ္ဍဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်နှင့် အထောက်အပံ့ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက “မြေဩဇာဥပဒေအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများထဲမှ ပြုပြင်ပြီး ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ပြုပြင်ဆဲဆေးဆိုးနှင့် ပန်းပုံရိုက်နည်းပညာဌာန၊ သင်ကြားရေးစက်ရက်ကန်းရုံ၊ ဝန်ထမ်းအိမ်ရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အနီရောင်အဆင့် သတ်မှတ်ချက်အဆောက်အအုံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့သို့ ဇူလိုင် ၂၄ ရက်တွင် ရောက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ကို သွားရောက်စစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းလုပ်ငန်းဆိုင်ရာ တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးကာ ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 26, 2025

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ အကြိမ်(၂၀)မြောက် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်က ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ ဆက်လက်တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 24, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမည့် လေးလက်မစက်ရေတွင်း နှစ်တွင်း တူးဖော်မည့်နေရာ၊ ညောင်ပင်သာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်နေရာနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 24, 2025

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက 20th Asia Media Summit ၏ အကြိုဆွေးနွေးပွဲဖြစ်သည့် Youth Digital Empowerment Workshop and Girls in ICT Day Cambodia 2025 ကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 23, 2025

နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ မူဝါဒအရဆက်စပ်လျက်ရှိသော ကိစ္စရပ်များဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 23, 2025

ပန်းတိုင်အထွက်နှုန်းရရှိရေး (Yield Gap Analysis) အထွက် နှုန်းကွာဟချက်များ အကြိုဆန်းစစ်လေ့လာခြင်းအပေါ် တွေ့ရှိချက်များအား သုံးသပ်ဆွေးနွေးခြင်းနှင့် အချက်အလက်ကောက်ယူရန် မေးခွန်းပုံစံများအတည်ပြုချမှတ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 23, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် တောင်ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဆောင်များ၊ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စနစ်တကျရှိစေရေး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 23, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 22, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 18, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 18, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 18, 2025

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ Hybrid System ဖြင့် ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 15, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်