Skip to main content

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေး ကြေညာချက်

နေပြည်တော်၊ ဇန်နဝါရီ ၁၆

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ် ဆေး ဝယ်ယူရရှိရေးရန်ပုံ​ငွေ (COVID-19 Vaccination Fund) မြန်မာကျပ် ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက် အထိ ပြည်တွင်း / ပြည်ပအလှူရှင် (၇၂၈)ဦးက လှူဒါန်းငွေစုစုပေါင်း ကျပ် (၁၀,၁၂၆ ဒသမ ၈၅၄) သန်းနှင့် အမေရိ ကန်​ဒေါ်လာ (၂ ဒသမ ၆၇၃) သန်း ထည့်ဝင်လှူဒါန်းထားပါ ကြောင်း၊ နိုင်ငံတော်က ထည့်ဝင်ငွေ အပါအဝင် အဆိုပါရန်ပုံငွေစာရင်းတွင် ကျပ် (၁၁,၁၂၆ ဒသမ ၈၅၄) သန်း၊ အ​မေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃) သန်း ရရှိပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်