Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နေပြည်တော်   ဇန်နဝါရီ   ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး  Army  General  Sergey K.SHOIGU အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ    ဇေယျာသီရိဗိမာန် ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်      ကြိုဆိုသည်။

အဆိုပါ         ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)      ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်နှင့်    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ    မြန်မာနိုင်ငံဆိုင်ရာ     ရုရှားဖက်ဒရေးရှင်းနိုင်ငံ   သံအမတ်ကြီး မစ္စတာ နီကိုလိုင်း လစ်တိုပါဒေါ့ပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး  Colonel General Alexander V.FOMIN၊  ရုရှားတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူးတို့ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ  သိရသည်။

သတင်းစဉ်