နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မိမိတို့တာဝန်ယူခဲ့သည်မှာ ၃ ပတ် ခန့်ရှိပြီဖြစ်ပြီး ယခုကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ များစွာရှိကြောင်း၊ ပထမဆုံးအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်ဒုတိယအပတ်နှင့် တတိယအပတ်ကြားကာလ တွင် ဆန္ဒပြမှုများရှိခဲ့သော်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ အလေ့ အထနှင့်အတူ ဒီမိုကရေစီနိုင်ငံများ၏ အရေးယူဆောင်ရွက်မှုများ အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားနိုင်ငံများ၌လည်း ဆူပူ ဆန္ဒပြမှုများတွင်မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆန်၊ Water Cannon ကို အသုံးပြု ဆောင်ရွက်ခြင်းနှင့် အင်တာနက် ဖြတ်တောက်မှုများလည်း ရှိပါကြောင်း၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံတွင် ၃ ပတ်တာ ကာလအတွင်း သေဆုံးမှုမှာ ၄ ဦးသာရှိခဲ့ကြောင်း၊ သေဆုံးမှုကို ပြန်ကြည့်လျှင်လည်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်ရှိပြီး ၎င်းကိုယ်တိုင် ဆူပူဆန္ဒပြမှုတွင်ပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဆူပူ ဆန္ဒပြသူများအနေဖြင့် လေးခွ၊ ခဲ၊ ကုန်းသီးတို့ဖြင့် ပစ်ခတ်အသုံးပြု ခြင်းများရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရော်ဘာ ကျည်ဆန်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ခဲသီး နှင့်ပတ်သက်၍ အသုံးပြုခဲ့ခြင်းမရှိကြောင်း၊ ဗီဒီယိုမှတ်တမ်းများကို အသေးစိတ်ကြည့်ရှုခဲ့ကြောင်း၊ ယင်းမှာ ဖြစ်စဉ်အမှန်ဖြစ်ကြောင်း။ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည် ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြားဖြန့်ချိခဲ့သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအချို့ပါဝင်ကြပြီး အချို့ဝန်ထမ်း များမှာ အကြောက်တရားဖြင့် ပါဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် CDM ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ထမ်းများ မိမိတို့လုပ်ငန်းတာဝန်ကို ပြန်လည် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များမှာ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲပေးနိုင်သော်လည်း တာဝန် အချိန်တွင် နိုင်ငံတော်အတွက်သာ ဦးတည်ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်၊ မနှစ်သက် သည်ရှိမည်ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီကျင့်စဉ်အရ လက်ခံကြောင်း၊ သို့သော်လည်း အခြားအချိန်တွင် ပြည်သူ့ ဝန်ထမ်းက ပြည်သူ့ဝန်ထမ်း တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း တာဝန်ကို နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများ ကလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ် သည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့်အစိုးရ တာဝန်ယူသည့် ကာလ တစ်လျှောက်လုံး စိတ်ရှည် သည်းခံစွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်၏ပကတိအခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက် ခဲ့ခြင်းမရှိခြင်းကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ရကြောင်း။ ။ နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့်သောကြာနေ့တွင် စာရင်း ကောက်ယူခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်ထမ်းဆောင်ကြရကြောင်း၊ ဆရာဝန်များ၏ ကတိသစ္စာပြု အဓိဋ္ဌာန် ၉ ချက်တွင် “ကျွန်ုပ်ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ် စောင့်ရှောက်ပါအံ့”ဟုပါရှိကြောင်း၊ ဆရာဝန်များအနေဖြင့် ဆေးကုသမှု မပြုလုပ်ခြင်းသည် ယင်းတို့ ကတိသစ္စာပြုထားသည့် အဓိဋ္ဌာန်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အလားတူ သူနာပြုဆိုလျှင်လည်း ၎င်းတို့ ကတိသစ္စာအဓိဋ္ဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကိစ္စဟု ယူဆပါအံ့”ဟု လည်းကောင်း၊ “လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးထိခိုက်စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို တားဆီး ကာကွယ်ပါအံ့” ဟုလည်းကောင်း ပါရှိကြောင်း၊ ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ ကျင့်ဝတ်ကို များစွာ ချိုးဖောက်ရာရောက်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံ ၁၂၆၂ရုံ ရှိသော်လည်း ဆေးရုံဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံ မှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်းမရှိသည့် ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံရှိသည်ကို ယမန်နေ့ညနေ စာရင်းများအရ သိရကြောင်း။ ။ အရေးယူသွားမည် ထို့ကြောင့် ပြည်သူများ များစွာဒုက္ခရောက်နေမည်ကို စဉ်းစား ကြည့်လျှင် သိနိုင်ကြောင်း၊ လူ့အသက်ထက်အရေးကြီးသည်မှာ မရှိ ကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ဆူပူမှုများ ထိန်းသိမ်း အရေးယူဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ဆရာဝန်များနှင့်ပတ်သက်ပြီး ရရှိသည့်ဘွဲ့ အဆင့်အလိုက် ချီးမြှင့် ငွေပေးအပ်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက် ၍ သင်ကြားရေးအပိုင်း အရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများမှာ တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ တိုင်းပြည်တွင် လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ပေးသူများ မှာ ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ မှာ အရေးကြီးသည့်အတွက် အရည်အသွေးမြင့်မားရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း ဘွဲ့အဆင့်အလိုက် မူတည်ပြီး ချီးမြှင့်ရန် စဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ထဲတွင် အရေးကြီးသည့် အချက်နှစ် ချက်မှာ ဥပဒေကို နားလည်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်များတွင် BA(Law)သင်တန်းများ ဖွင့်လှစ်ရန်နှင့် ဒေသအလိုက် စီးပွားရေး နားလည်တတ်ကျွမ်းမှု အခြေခံရရှိရေးအတွက် BA(Eco)ဘာသာရပ် ဖွင့်လှစ်သင်ကြားရန် ဆွေးနွေးလျက်ရှိကြောင်း၊ ပညာရေးဝန်းကျင် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာ ကျောင်းသား များအနေဖြင့် စာသင်ချင်စိတ် တိုးပွားလာမည်ဖြစ်ကြောင်း၊ ပညာရေး မြှင့်တင်မှုနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ CDM နှင့်ပတ်သက်ပြီး online တွင် လှုံ့ဆော်နေသည့်အဖွဲ့များနှင့် အဆိုပါ အဖွဲ့ များနောက်တွင် ပံ့ပိုး နေသူများ ရှိကြောင်း၊ ယင်းတို့နောက်တွင် ငွေကြေးစိုက်ထုတ်ပေးသည့် အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် လုပ်ဆောင်ရန်ရှိသည် များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများသည် တိုင်းပြည်ကို ထိခိုက်နစ်နာစေကြောင်း၊ တိုင်းပြည်ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် မိမိတို့သည် စိတ်ရှည် ( သည်းခံပြီး နားလည်အောင် ရှင်းလင်းပြောကြားကာ ပြည်သူများပါ အတူပါဝင်ပြီး ပုံမှန်လမ်းကြောင်းပေါ် တည့်အောင် ဆောင်ရွက်ရန် လိုကြောင်း။ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရန်လို ယခုအခါ မိမိတို့နိုင်ငံတွင် နှစ်စဉ်ဘဏ္ဍာငွေ လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှုများရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိခိုက်ကြောင်း၊ ထို့ကြောင့် ငွေကြေးတန်ဖိုး ခိုင်မြဲရန် လိုအပ်ကြောင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ စီးပွားရေးကိုမြှင့်တင်ရန် လိုအပ် ကြောင်း၊ မိမိတို့သည် ဦးတည်ချက် ၅ ရပ် ချပေးထားကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတော်၏ ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် အားထည့်ဆောင်ရွက် သွားရန် လိုအပ် ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကုစားမှုများကို ဆောင်ရွက်ရမည် ဖြစ်ပြီး ကုန်သွယ်မှုလိုငွေလျှော့ချရေးအတွက် ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပြည်တွင်းထုတ် ကုန်များတိုးမြှင့်ပို့ဆောင်၍ စီးပွားရေး မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းထုတ် ကုန်များ တိုးမြှင့် ရေးတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် အရေးပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ လျှော့ချရမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေး အတွက်လိုအပ်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ သက်သာစေရေးနှင့် လျှပ်စစ် ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် များဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းရပ်များအား တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကားလမ်းများအား ပုံမှန်ထိန်းသိမ်းမှုများကို အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သောက်သုံးရေ အခက်အခဲရှိသည့် မြို့နယ်များတွင် သောက်သုံးရေရရှိရေး နည်းလမ်းရှာဖွေဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။ ဆွေးနွေးတင်ပြ ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ Jeng Phag နော်တောင် ဒေါ်အေးနုစိန်၊ဦးမောင်းဟာနှင့် ဦးခင်မောင်ဆွေ တို့က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ရှင်းလင်းဆောင်ရွက် နေမှု အခြေအနေများ၊ တပ်မတော်၏ နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေမှုအပေါ် နိုင်ငံတကာ၏သဘောထားအမြင်များ၊ ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေ၊ လူပုဂ္ဂိုလ်ကိုးကွယ်မှုများ ကြောင့် နိုင်ငံရေးရှုပ်ထွေးလာ ခဲ့မှုအခြေအနေ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများ လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ ဓာတ်အား အသုံးပြုခ လျှော့ပေါ့ပေးရေးကိစ္စ၊ ရုံးလုပ်ငန်းများ နှောင့်နှေးစေရန် အတွက် နိုင်ငံ့ ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးမှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို နောက်ကွယ်မှပြုလုပ်နေသည့် အဖွဲ့ အစည်း များအား ဖော်ထုတ်အရေးယူဆောင်ရွက်ရေးနှင့် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအား အကာအကွယ်ပေးရန်လိုအပ်သည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်နှင့်ပတ်သက်သည့် မဲစာရင်းကို အမြန်ဆုံးချပြပေးမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် တိုင်ကြားစာ တက်သည့် မြို့နယ်များကို ဦးစွာစစ်ဆေးဆောင်ရွက် လျက်ရှိသည်ဟု သိရှိရကြောင်း၊ စိစစ်တွေ့ရှိသည့်မဲစာရင်းကွာဟမှုများကို ထုတ်ပြန်ပေး လျက်ရှိကြောင်း၊ ကျန်ရှိသည့် မြို့နယ်များကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားများမှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ မီဒီယာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တစ်ဆင့် မီဒီယာကျင့်ဝတ် စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ထိန်းသိမ်းကြပ်မတ်ရေး ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ သတင်းများတွင် အာဏာသိမ်းစစ်အစိုးရဟု အသုံးအနှုန်းများကို သတိပေးထားပြီး ဆက်လက်၍သုံးနှုန်းရေးသားမည်ဆိုပါက ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်ကိစ္စရပ်များနှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်ဆောင်ရွက် ခဲ့မှုများအပေါ်တွင်လည်း စုံစမ်းဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသာကြည့်ပြီး တိုင်းပြည်၏အကျိုး ကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဆောင်ရွက်ခဲ့မှု များကိုလည်း ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး မီတာခများ သက်သာခွင့်ကိုလျှော့ချ ပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ၏ တာဝန် ထမ်းဆောင်မှုအပေါ်မူတည်၍ ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းများအား ထိန်းသိမ်းပြုပြင်ခြင်း၊ ဆရာ ဆရာမများ အနေဖြင့်သင်ကြားမှု အထောက်အကူပြုအစည်းအဝေး များ ပြုလုပ်ခြင်းများကို လေ့ကျင့် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပြန်လည်ပညာသင်ကြားချိန်တွင် အသင့်ဖြစ် စေမည် ဖြစ်ကြောင်း။ မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံဖြစ်သဖြင့်၎င်းလုပ်ငန်း များနှင့်ပတ်သက်၍ သင်တန်း ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ် များကို တိုးချဲ့ ဖွင့်လှစ်၍ လိုအပ်သည့်စိုက် မွေးပညာရှင်များ မွေးထုတ်ပေးရန်လိုကြောင်း၊ ဒေသအလိုက်ကိုက်ညီသည့် စိုက်ပျိုးရေး ထုတ်ကုန် များရရှိအောင် သုတေသနပြု၍ ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်နယ်များအလိုက် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်နယ် များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အရေးပါသဖြင့် ဒေသအလိုက်သဘာဝပတ်ဝန်းကျင်မထိခိုက်စေသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေသည်လူသားများ၏ နေ့စဉ်လူနေမှုဘဝ အတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် မြေအောက်ရေသုံးစွဲမှုနှင့် ပတ်သက်၍ မိုးနည်းသည့်ဒေသများတွင် မြေအောက်ရေအလွန်အကျွံ သုံးစွဲခြင်းသည် ရေရှားပါးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း များ ပြန်လည်လည်ပတ်နိုင်ရေး အတွက်လည်း တိုက်တွန်းဆောင်ရွက်လျက်ရှိပြီး လုံခြုံရေး လုပ်ငန်းများကို တတ်နိုင်သမျှဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင် နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ဖိအားပေးနှောင့်ယှက် နေသူများကိုလည်း ဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်