Skip to main content

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဝိနယာနုဂ္ဂဟအသင်း ရာပြည့် အထိမ်းအမှတ် ဆောက်လုပ် လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သော ဝိနယာ နုဂ္ဂဟအသင်း ရာပြည့်အထိမ်းအမှတ် ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ်ကျောင်း လွှတ်ပူဇာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြာသော ဆရာတော်အရှင် သူမြတ်များနှင့် ဧည့်ပရိ သတ်အပေါင်းတို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မော်လမြိုင်မြို့ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူ မြတ်ထံမှ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက် တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္စျာယ်သည့် ပရိတ် တရားတော် များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ မော်လမြိုင်မြို့ နတ်မှော်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တသုမနနှင့် ပင့်သံဃာဆရာတော်ကြီးများကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ မော်လမြိုင်မြို့ နတ်မှော်ကျောင်းတိုက်ဦးစီး ပဓာန နာယက ဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ပင့်ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။ ခရိုင်(ပြန်/ဆက်)