Skip to main content

ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၀ ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၉ ရက် ည ၉ နာရီခွဲ ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဝမ်းဘော်ဒတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပဲခူး မှ ရန်ကုန် ဘက်သို့ အောင်ကျော်သိန်း မောင်းနှင် လာသည့် ISUZU ၆ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံ တန်ဖိုးရှိ ပီနံအိတ် ၇ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် အောင်ကျော်သိန်း(၄၇)နှစ်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွ ရူးသွပ် ဆေးပြားများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့ မှ ရန်ကုန်မြို့ သို့ သယ်ဆောင်ခြင်း ဖြစ် ကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်