နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိ သူများ လိုက်ပါသွားကြပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ SOEKARNO HATTA လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိရာ အင်ဒိုနီးရှားနိုင်ငံမှ Chief of State Protocol Mr. Andy Rachmianto၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံ ဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် ဉီးအောင်မျိုးမြင့်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အစည်းအဝေးပြုလုပ်မည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ Excom Bali ခန်းမသို့ရောက်ရှိကြရာ အာဆီယံအတွင်းရေးမှူးချုပ် His Excellency Mr. Lim Jock Hoi နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ ဘုရင်မင်းမြတ် His Majesty Sultan Haji Hassanal Bolkiah အပါအဝင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေး မှူးချုပ်၊ အာဆီယံနိုင်ငံများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဘုရင်မင်းမြတ် His Majesty Sultan Haji Hassanal Bolkiah က အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်က အစည်းအဝေးကို အပိုင်း(၁) အာဆီယံအသိုက်အဝန်း ထူထောင်ခြင်း၊ (၂) အာဆီယံနှင့် ပြင်ပဆက်ဆံရေး၊ (၃)ဒေသတွင်းနှင့် နိုင်ငံ တကာကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခြင်း ဟူ၍အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည့်အခြေ အနေများနှင့် စပ်လျဉ်းသည်များကို ရှင်းလင်း တင်ပြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် အသီးသီးဆွေးနွေး ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆွေးနွေးရာတွင် အာဆီယံဒေသတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးသွားမည့်ကိစ္စရပ်များ၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံ၏ဉီးတည်ချက်များအောင်မြင်စေရန် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ်(TAC)ပါ အခြေခံမူများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးဖြစ် ပေါ်ပြောင်းလဲမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် မင်းမြတ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို အောင် မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာကြရာ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဉီးအောင်မျိုးမြင့်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများက SOEKARNO HATTA လေဆိပ်သို့လိုက်ပါ ပို့ဆောင်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် လေဆိပ်နားနေဆောင်၌ မြန်မာသံရုံး၊ စစ်သံရုံး တို့မှ မိသားစုများနှင့်တွေ့ဆုံ၍ လက်ရှိြမန်မာနိုင်ငံ၌ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးဖြစ်ရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများအတွက် လက်ဆောင် ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင် ငံမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။