ပုသိမ် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၌ တိုင်းဒေသကြီးအတွင်းရှိ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ကာ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း၊ ထင်ရှားသော ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ပြီး စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲအောင် ခရီးစဉ်သစ်များ ပေါ်ထွန်းလာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှ ဦးဆောင်သည့် သမိုင်းပညာရှင်များ၊ ပုသိမ်တက္ကသိုလ်မှ လေ့လာသူများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှနှင့်တာဝန်ရှိသူများ၊ ပုသိမ်တက္ကသိုလ်မှ လေ့လာသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
မောင်မောင်မြင့်( ပြန်/ဆက် )