Skip to main content

နေပြည်တော်အတွင်း ရေချိုငါးတန်များ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိ

နေပြည်တော် ဧပြီ ၂၁

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း ဝန်ကြီးဌာနများရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ညဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်များနှင့် ရေဆင်းတက္ကသိုလ် နယ်မြေတို့တွင်နေထိုင်သော ဝန်ထမ်းမိသားစုများနှင့် ပြည်သူများသို့ ရေချိုငါးတန်ငါးများကို သက်သာသောနှုန်းထား တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် ယနေ့နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးလုပ်ငန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်းများက စုစုပေါင်းငါးပိဿာချိန် ၅၇၄ ပိဿာရောင်းချပေးခဲ့သည်။

ဧပြီ ၂၂ ရက်တွင်လည်း ရေချိုငါးတန်ပိဿာချိန် ၆၀၀ အား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်