နေပြည်တော် ဖေဖော်ဝါရီ ၂၄
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် ကတိဖြစ်မေးခွန်းများနှင့်စပ်လျဉ်း၍ မေးခွန်းရှင်များ၊ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာ ဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးသို့ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေး သည်။
ထို့နောက် မေးခွန်းရှင်များ၊ ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာ စိစစ် တွေ့ရှိချက်များကို တင်ပြခဲ့ပြီး၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည် ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)