Skip to main content

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့်ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော် ဧပြီ ၂၄

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

အဆိုပါသဝဏ်လွှာတွင် မိမိအနေဖြင့် အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရပါကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုများဖြင့် ဤတုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း၊ မိမိအနေဖြင့် ထိခိုက်ခံစားရသူများ၏ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်းပူဆွေးမှုကို ထပ်တူနားလည်ခံစားရပါကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအားစာနာအားပေးပါကြောင်း ဖော်ပြပါရှိသည်ဟု သတင်းရရှိသည်။