Skip to main content

ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ထားဝယ်တက္ကသိုလ် ဥပဒေပညာဌာနမှ ဒေါက်တာစိမ်းလဲ့လဲ့အောင် (ပါမောက္ခ၊ ဌာနမှူး) ဦးဆောင်သည့် ကြီးကြပ်သူဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၁၀ တို့သည် ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အဦများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသည့် ပြည်တွင်းဧည့်သည် ၆၁၅၇၅ ဦးနှင့် ပြည်ပဧည့်သည် ၂၄၈၁ ဦး စုစုပေါင်းဧည့်သည် ၆၄၀၅၆ ဦးရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်တို့ထံ လိပ်မူပြီး အစိုးရ ရုံးပိတ်ရက်များမပါ သုံးရက်ကြိုတင်ပေးပို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်းစဉ်