Skip to main content

နေအိမ်မီးလောင်သည့် ပြည်သူတစ်ဦးအား ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ထောက်ပံ့ပေးအပ်

မင်းတပ် ဖေဖော်ဝါရီ ၂၅

ချင်းပြည်နယ် မင်းတပ်မြို့ တော့ထဲင်ကျေးရွာ၌ ဆိုလာပြားဖြင့်အသုံးပြုသည့် ဘက်ထရီအိုး အပူလွန်ကဲ၍ နေအိမ်မီးလောင် ဆုံးရှုံးခဲ့သည့် ဒေသခံ ဦးဂေရွှီအား ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီခွဲတွင် မင်းတပ်ပြည်သူ့ဆေးရုံ၌ အလှူငွေ နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က အိမ်ဆောက်ပစ္စည်း အတွက် တန်ဖိုးငွေကျပ်တစ်သိန်း၊ ကလေးနှစ်ဦးသေဆုံးမှု အတွက် ကရုဏာကြေး ငွေကျပ် ၆ သိန်း၊ ဆန်ရိက္ခာဖိုးခုနစ်ရက်စာအတွက် တစ်ဦး ၂၁၀၀ ကျပ်ဖြင့် နှစ်ဦးအတွက် ၄၂၀၀ ကျပ်၊ ဒဏ်ရာရရှိသူ ဦးဂေရွှီအတွက် ကရုဏာကြေး ကျပ်ငါးသောင်းနှင့် တန်ဖိုးငွေကျပ် ၃၇၃၅၃ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကို ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)