Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ Hospitality and Catering Training Center (HCTC) တည်ဆောက်ရေး လုပ်ငန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်

မော်လမြိုင်        ဖေဖော်ဝါရီ        ၂၆

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တွင် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူတည်ဆောက် မည့် Hospitality and Catering Training Center (HCTC) တည်ဆောက်ရေးလုပ်ငန်း၏ ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ကြာအင်းစံပြကျေးရွာရှေ့ရှိ အဆိုပါကျောင်းဝင်းတွင်း၌ ကျင်းပသည်။

ပန္နက်တော်တင်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပန္နက်တိုင် (၁) ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ပန္နက်တိုင်(၂) ကိုလည်းကောင်း၊ ပန္နက်တိုင် (၃/၄/၅/ ၆/၇/၈/၉)ကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့ကလည်းကောင်း အသီးသီးပန္နက် တိုင်တော် စိုက်ထူကြပြီး ပန္နက်တိုင်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။

အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)၏ Hospitality and Catering Training Center (HCTC)တည်ဆောက်ရေးလုပ်ငန်းတွင် အုပ်ချုပ်မှုဆောင် 50x 36 ပေ(RCC) တစ်ထပ်ဆောင် တစ်ဆောင်၊ သင်ကြားရေးဆောင် 88x 44 ပေ(RCC) နှစ်ထပ်ဆောင်တစ်ဆောင်၊ အထွေထွေသုံးခန်းမဆောင် 60x 50 ပေ(RCC) တစ်ထပ်ဆောင်တစ်ဆောင်၊ Kitchen Theatre 36x48ပေ(RCC) တစ်ထပ်ဆောင် တစ်ဆောင်နှင့် လက်တွေ့သင်ကြားရေးဆောင် 156x 40 ပေ(RCC) နှစ်ထပ်ဆောင်တစ်ဆောင် တို့ကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)