Skip to main content

CRPH ၊ NUG အကြမ်းဖက်အဖွဲ့မှ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် အား လက်နက်/ခဲယမ်းနှင့် ငွေကြေး များထောက်ပံ့၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား ဆက်လက် ဖော်ထုတ်ရရှိ

နေပြည်တော်၊ နိုဝင်ဘာ  ၂၆

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးအား လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် မှ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အချို့ဖော်ထုတ် ရရှိသည့်သတင်းအား နိုဝင်ဘာလ ၂၂ ရက်တွင်လည်း ကောင်း ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

တရားခံ မောင်ကျော်(ခ)ဇေယျာသော် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သော PDF အကြမ်းဖက်အဖွဲ့မှ တရားခံ အောင်ကိုလတ်၊ (၂၈)နှစ်၊ သက်ပိုင်ထွေး၊ (၂၃)နှစ်၊ အောင်ကိုကို၊ (၂၂)နှစ်၊ ချစ်ကိုကိုသန့်၊ (၁၉)နှစ်၊ ဝေယံထွန်း၊ (၂၀)နှစ်၊ ရှိန်းဝေမိုး၊ (၂၇)နှစ်၊ စောဗစ်တယ်ကိုကို၊ (၂၄)နှစ်နှင့် လွင်လွင်ထွန်း၊ (၂၇)နှစ်တို့ ၈ ဦးအား ကျိုက်ထို မြို့နယ်၊ ရိုးရိုးလေးတည်းခိုခန်းတွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် လက်နက်/ ခဲယမ်းများ သယ်ယူပို့ဆောင်ရေးနှင့် ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသော တေဇာလင်း(ခ)အုပ်ကြီး၊ (၃၃)နှစ်၊ စိုးမြတ်ရွှေ၊ (၂၃)နှစ်နှင့် စဇင်အောင်၊ (၂၆)နှစ်တို့ ၃ ဦးအား ညောင်တုန်းမြို့နယ်၊ အရွဲအုပ်စုကျေးရွာ၊ ပန်းတိုင်စစ်ဆေးရေးဂိတ်၌ လည်းကောင်း၊ နိုဝင်ဘာလ ၂၀ ရက်တွင် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား အကြမ်းဖက်သမားများထံ ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်သိမ်းဆည်း ခြင်းများ ဆောင်ရွက်ပေးသူ တရားခံ ဇင်မင်းထွန်း(ခ)စတိ ၊ (၃၀)နှစ်၊ ရှင်းသန့်ဟိန်း၊ (၂၄)နှစ်၊ နေမျိုးထွန်း၊ (၂၇)နှစ်၊ ဟိန်းမင်းလတ်၊ (၂၄)နှစ်နှင့် ဝင်းသင်ဇာ၊ (၃၁)နှစ်တို့ ၅ ဦးအား သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ သထုံဘူတာရုံ၌ လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြမှုများအား ဦးစီး ဆောင်ရွက်ခဲ့ပြီး ဧပြီလမှစ၍ NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ် တို့နှင့် ချိတ်ဆက်ကာ ရန်ကုန်တိုင်းအကြမ်းဖက် အဖွဲ့တာဝန်ခံအဖြစ် ဒီငြိမ်းလင်း (ခ)ဒေဝ၊ ဝေဖြိုးဟန်(ခ) နောင်ရိုး တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မေလနှင့် ဇွန်လတို့တွင် NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်၊ နိုင်ထူးအောင် တို့နှင့် Zoom Meeting များပြုလုပ်၍ KNLA တပ်မဟာ(၆)နယ်မြေတွင် ဖောက်ခွဲရေးနှင့် အကြမ်းဖက်သင်တန်းများ တက်ရောက်ရေး၊ လက်နက်/ခဲယမ်းထောက်ပံ့ရေး၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေး၊ အစိုးရအား စတင်တိုက်ခိုက်မည့် နေ့ရက်(D-Day) သတ်မှတ်ရေးနှင့် ငွေကြေးထောက်ပံ့ရေး ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန် ၏ စေခိုင်းချက်အရ နိုင်ထူးအောင် သည် KNLA တပ်မဟာ(၆)မှ ရင်းမှူးအဆင့်ရှိ ရန်နိုင်အား ငွေကြေးထောက်ပံ့ပေးမှုများဆောင်ရွက်ကာ NLD ပါတီ ထောက်ခံအားပေးသော အစွန်းရောက် လူငယ်အချို့အား ကော့ကရိတ်မြို့နယ်အနီးနှင့် ဘုရားသုံးဆူအနီးတွင် အကြမ်းဖက်သင်တန်းများ သင်ကြား ပေးခဲ့ပြီး ရက်တိုသင်တန်းဆင်းများအား STF အကြမ်းဖက်အဖွဲ့၊ ရက်ရှည်သင်တန်းဆင်း များအား PDF အကြမ်းဖက်အဖွဲ့၊ မွမ်းမံသင်တန်းဆင်းများအား SOF အကြမ်းဖက် အဖွဲ့၊ မြို့နယ်အလိုက် NLD အမာခံများအား မြို့နယ် ပကဖအကြမ်းဖက်အဖွဲ့များ အဖြစ်ဖွဲ့စည်း၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဇူလိုင်လတွင် NUG အကြမ်းဖက်အဖွဲ့မှ PDF အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်း၍ မြောက်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့နှင့် အရှေ့ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့အား ရည်မွန် မှ လည်း ကောင်း၊ တောင်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့အား လွင်ကိုလတ် မှ လည်းကောင်း၊ အလယ်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့အား နေမျိုး မှလည်းကောင်း တာဝန်ခံများ အဖြစ်ဆောင်ရွက်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ပြည်သူလူထုအထိတ်တ လန့်ဖြစ်စေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး လွင်ကိုလတ် နှင့် ကွမ်မင်း တို့၏ စေခိုင်းချက်အရ တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် နှင့် ဒီငြိမ်းလင်း(ခ)ဒေဝ တို့သည် STF အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏ ပူးတွဲတာဝန်ခံ၊ ဝေဖြိုးဟန် (ခ)နောင်ရိုး အား ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့တာဝန်ခံ၊ PK အား SOF အကြမ်းဖက်အဖွဲ့တာဝန်ခံ၊ ကျော်စွာ(ခ)အံ့ကျော် အား သတင်းထုတ်ပြန်ရေး တာဝန်ခံအဖြစ်ဖွဲ့စည်းကာ အကြမ်းဖက် လုပ်ငန်းများအား ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင် စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ NUG အကြမ်းဖက်အဖွဲ့ဝင် ရည်မွန် နှင့် လွင်ကိုလတ် တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများအား နိုင်ထူးအောင်၊ PK ၊ ဝေဖြိုးဟန်(ခ)နောင်ရိုး တို့ကို KNU အဖွဲ့နှင့် ချိတ်ဆက်၍ သိမ်ဇရပ်-ဝေါ- သနပ်ပင်- တာဝ မှ ပဲခူးမြစ်အတိုင်း သရပ်ပင်ချောင်မှ ရန်ကုန်မြို့သို့ လည်းကောင်း၊ မြဝတီ-သိမ်ဇရပ်-ရန်ကုန်သို့ အံဝှက်ပြုလုပ်ထားသော မော်တော်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိပါက ဖမ်းဆီးရန်ကျန် တရားခံ ဇင်ဦးမောင်(ခ)နေလ နှင့် တေဇာလင်း(ခ)အုပ်ကြီး တို့အား သွားရောက်ယူဆောင်စေပြီး သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)နှင့် (ဇ)မြောက် ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)တို့တွင် ဖြန့်ခွဲ သိမ်းဆည်းစေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အ တွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ် ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် အခြားဆန့်ကျင်ဘက် ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မည့် (Hit List)များ စာရင်းပြုစု၍ NUG အကြမ်းဖက်အဖွဲ့ထံ တင်ပြရပြီး NUG အကြမ်းဖက်အဖွဲ့မှ သတ်မှတ်ပေးသော Mission များအား လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များသို့ လက်နက်/ခဲယမ်းများ ထုတ်ပေး ရကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုကြောင့် တရားခံ မောင်ကျော် (ခ)ဖြိုးဇေယျာသော် သည် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် အစိုးရ အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှု(၃၀)ကြိမ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံး များအား ဖောက်ခွဲဖျက်ဆီးမှု(၃၂)ကြိမ်၊ လျှပ်စစ်ရုံးနှင့်အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီး မှု (၉)ကြိမ်၊ ကညနရုံးနှင့် အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု (၉)ကြိမ်၊ ယာဉ်ထိန်းရုံး များအား ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ CCTV Control Box များအား ဖောက်ခွဲ ဖျက်ဆီးမှု (၅)ကြိမ်၊ အပြစ်မဲ့ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးမှု (၆၀)ကြိမ်၊ ဘာသာရေးဆိုင်ရာ အဆောက်အဦအနီး ဖောက်ခွဲဖျက်ဆီးမှု (၂)ကြိမ်၊ စာသင်ကျောင်း များအား ဖောက်ခွဲဖျက်ဆီးမှု(၃)ကြိမ်၊ စုစုပေါင်း ၁၇၈ ကြိမ်ရှိသည့်အပြင် အကြမ်းဖက် သတ်ဖြတ်ကျူးလွန်ခဲ့မှုအနေဖြင့် ၃၆ ကြိမ်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက် CRPH နှင့် NUG အဖွဲ့ဝင် ဖြူဖြူသင်း၊ နိုင်ထူးအောင် ၊ ဝင်းမြတ်အေး နှင့် လွင်ကိုလတ် တို့မှ နည်းလမ်းပေါင်းစုံဖြင့် ငွေကြေးများကောက်ခံ၍ အကြမ်းဖက်မှုများ ပြုလုပ်ရန် အတွက် ၎င်းထံသို့ တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ရရှိငွေများအား လက်နက်/ခဲယမ်းများဝယ်ယူခြင်း၊ ဖောက်ခွဲရေးအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်များဝယ် ယူခြင်း၊ အကြမ်းဖက်အဖွဲ့များ ပုန်းခိုနေထိုင်နိုင်ရေးအတွက် နေရာ(Safe House)များ ငှားရမ်းခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အပြစ်မဲ့ပြည်သူလူထုများအား လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုအပေါ်မူတည်၍ အကြမ်းဖက် သမားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့်အချို့အား ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ပထမပတ်တွင်ပြုလုပ်သော Zoom Meeting တွင် NUG အကြမ်းဖက် အဖွဲ့၏ စေခိုင်းမှုဖြင့် SOF အကြမ်းဖက်အဖွဲ့တာဝန်ခံ PK မှ ပျံလွှားအောင် စစ်ဆင်ရေး အမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရုံးများ၊ နယ်မြေရဲကင်းစခန်းများ၊ လုံခြုံရေးယာဉ်တန်းများအား ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုအထိတ်တလန့် ဖြစ်စေရန်အတွက် အများပြည်သူ နှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ပညာသင်ကြားမှုများ မပြုလုပ်နိုင်ရန်အတွက် စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ကျောင်းဆရာ/ ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် များအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် အနေဖြင့် အဆိုပါ ပျံလွှားအောင်စစ်ဆင်ရေးအား အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် KNU/KNLA တပ်မဟာ(၆)မှ ရင်းမှူးအဆင့်ရှိ ရန်နိုင်နှင့် KNU မှ ဗိုလ်မှူးကြီး အဆင့်ရှိသူတို့မှ လိုအပ်သော အကြံဉာဏ်များ ပေးအပ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်တွင် လှိုင်ရဲစခန်းအား ပထမအကြိမ် M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီးမထွက်ခဲ့သဖြင့် ရန်နိုင် နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူတို့၏ ပြောကြားချက်အတိုင်း ထပ်မံပစ်ခတ်ခဲ့ရာ ဗုံးသီး ၃ လုံး ပစ်ခတ်နိုင်ခဲ့ကြောင်း၊ KNLA တပ်မဟာ(၆)နယ်မြေရှိ စစ်ရေးလှုပ်ရှားမှုများအား ဖော်ပြရာတွင် ရန်နိုင်မှ ၎င်းအား ဆက်သွယ်မေးမြန်းပြီးမှသာဖော်ပြရန် ပြောကြား ထားကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်မည့် ဟံသာဝတီ စစ်ရေးစီမံချက်အား ရေးဆွဲလျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများဆက်လက် ဆောင်ရွက်မည့် အစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်အားနည်းသည့် လုံခြုံရေးကင်းစခန်း ငယ်များ အား ဝင်ရောက်တိုက်ခိုက်၍ လက်နက်/ ခဲယမ်းများ လုယူရန်စီစဉ်ထားကြောင်း ဖော်ထုတ် သိရှိရသည်။

တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက် လုပ်ငန်းဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိမှုအနေဖြင့်

- ဧပြီလမှ ဇွန်လအတွင်း ဒဂုံမြို့သစ်မြို့နယ်များတွင် ဗုံးဖောက်ခွဲမှု ၁၀ ကြိမ် ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ နေလင်း ပါ ၆ ဦး အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- ဇွန်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ သတိပဌာန်လမ်း၊ တိုက်(၃၂)၊ တတိယထပ်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တွင် ပါဝင်သော တရားခံ ရွှေရည်ညွန့် ပါ ၈ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဇွန်လ ၁၀ ရက်တွင် KNLA တပ်မဟာ(၆)၌ အကြမ်းဖက်သင်တန်း တက်ရောက် ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော SRU အကြမ်းဖက်အဖွဲ့မှ တရားခံ ဇော်ထိုက် (ခ) ဇော်သူရ ပါ ၁၃ ဦးအားလည်းကောင်း။

- ဇွန်လ ၂၉ ရက်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်းရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးအား ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ခန့်စည်သူ ပါ ၅ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဇူလိုင်လ ၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ အောင်မျိုးမင်း အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- ဇူလိုင် ၈ ရက်တွင် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်အား ဖောက်ခွဲ၍ လက်ဝတ်ရတနာများ လုယူခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကျော်ဇောဟိန်း ပါ ၃၅ ဦးအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် လည်းကောင်း။

- ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့ပတ်ရထားပေါ်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ကောင်းပြည့်စုံဦး ပါ ၅ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- ဩဂုတ်လ ၁၇ ရက်တွင် ကမာရွတ်မြို့နယ်၊ ဈေးလမ်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ညီညီထွန်း ပါ ၃၁ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာ မီးပွိုင့်နှင့် ခုံးကျော်တံတားအောက်၌ လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟိန်းကျော်လွင် ပါ ၁၆ ဦးအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများဖြင့်လည်းကောင်း။

- စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ်၊ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ အောင်ချမ်းငြိမ်း ပါ၁၁ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- စက်တင်ဘာလ ၁၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ တံတားပေါ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဇင်မင်းထွန်း ပါ ၁၂ ဦးအား လက်နက်/ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လည်းကောင်း။

- စက်တင်ဘာလ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉) ရပ်ကွက်၊ ရစဖရုံး အဖွဲ့ဝင် ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟိန်းထက်အောင် (ခ)ဈန်ရဲ ပါ ၉ ဦးအား လည်းကောင်း။

- စက်တင်ဘာလ ၁၈ ရက်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်း(၆) လမ်းထိပ်ရှိ King လက်ဘက်ရည်ဆိုင်အနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဝင်းကိုဦး(ခ) သူရလွင်(ခ) ဝေကြီး ပါ ၇ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ သီရိမြိုင်ဘူတာအနီး၌ အပြစ်မဲ့ ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော လှည်းကူး အကြမ်းဖက် PDF အဖွဲ့မှ တရားခံ ဇွဲဝေယံထွဋ်(ခ) အက်ဒီဆင် ပါ ၁၈ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၂ ရက်တွင် ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲအား STF အကြမ်းဖက်အဖွဲ့မှ ဓားပြ တိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ ဟန်ဝင်းထွဋ် ပါ ၁၃ ဦးအား လက်နက်/ခဲယမ်းများ၊ ဓါးပြတိုက်ယူဆောင်သွားခဲ့သော ငွေများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၃ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သော တရားခံ စောဘယ်လ်ဇင်ထူး ပါ ၁၄ ဦး အား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက် ဖောက်ခွဲရေးပြုလုပ်ခဲ့သည့် တရားခံ အောင်ကောင်းစံ ပါ ၁၁ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- အောက်တိုဘာလ ၂၆ ရက်တွင် ပုဇွန်တောင်မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့သူ 44 st UG အကြမ်းဖက်အဖွဲ့မှ တရားခံ မင်းဟိန်းခန့် ပါ ၂၃ ဦးအား လက်နက်/ ခဲယမ်းများဖြင့်လည်းကောင်း။

- နိုဝင်ဘာလ ၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင် အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော SRU အဖွဲ့မှ တရားခံ စစ်ဇော်ကံ (ခ) ဟန်သာထွန်း ပါ ၄ ဦးအား လည်းကောင်း။

- နိုဝင်ဘာလ ၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သော တရားခံ သန်းနိုင်(ခ)ဘဲဥ ပါ ၇ ဦးအား လက်နက်/ခဲယမ်းများဖြင့် လည်းကောင်း။

- နိုဝင်ဘာလ ၉ ရက်တွင် လှိုင်မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များဆောင်ရွက်ခဲ့သော Octopus (ရေဘဝဲ)အကြမ်းဖက်အဖွဲ့မှ တရားခံ လျှမ်းဆက် (ခ)Steven ပါ ၄ ဦးအား လက်လုပ်မိုင်းများဖြင့် လည်းကောင်း။

- နိုဝင်ဘာလ ၁၄ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ ရစဖ ရုံးအနီး၌ ဖောက်ခွဲမှုပြုလုပ်ခဲ့သော တရားခံ မြတ်သူ(ခ)နတ်ဆိုး ပါ ၁၁ ဦးအား လည်းကောင်း။

- နိုဝင်ဘာလ ၁၅ ရက်တွင် သာကေတမြို့နယ်ဘက်ခြမ်းရှိ သန်လျင်တံတား လုံခြုံရေးအဖွဲ့ဝင်များနှင့် ထန်းတပင်မြို့နယ်၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် တရားခံ အောင်ကိုဦး နှင့် ရန်နိုင်ထွန်း ပါ ၁၃ ဦးအား လက်နက်/ခဲယမ်းများဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံအချို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အကြောင်း အမျိုးမျိုးကြောင့် KNU နယ်မြေ အတွင်း အကြမ်းဖက်သင်တန်းများအား တက်ရောက် ခဲ့ကြသော်လည်း သင်တန်းတွင် နေထိုင်စားသောက်မှု ပင်ပန်းဆင်းရဲခြင်း ၊ KNU တပ်ဖွဲ့ဝင်များ၏ လူမျိုးရေးခွဲခြားခြင်း၊ ပြည်သူလူထုမှ အကြမ်းဖက်မှုအား မလိုလား ခြင်းတို့ကြောင့် လူငယ်အများစုမှာ အကြမ်းဖက်မှုလုပ်ငန်းများအား ဆောင်ရွက်လိုခြင်း မရှိကြသော်လည်း သင်တန်းတက်ရောက်စဉ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ဖြည့်သွင်းခဲ့ရသဖြင့် မိသားစုဝင်များအပေါ် ခြိမ်းခြောက်အကြပ်ကိုင်၍ အကြမ်းဖက်မှု များစေခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော NLD ပါတီဝင် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါအဝင် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း ၂၉၃ ဦး တို့အား လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၀၉၉ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၂၀ လုံး၊ လမ်းလျောက်စကားပြောစက် ၁၆ လုံး၊ ဆက်သွယ်ရေးအထိုင် စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၆ လုံး၊ Laptop ၂ လုံး၊ Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစု ထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/ တိုက်ခန်း များအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင်များအား တည်ဆဲဥပဒေအရ ဆက်လက်အရေးယူဆောင် ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက် ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ် ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။ 

သတင်းစဉ်