Skip to main content

နေပြည်တော် နိုဝင်ဘာ ၂၇

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် မောင်တောမြို့နယ် ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ဘူးသီးတောင်မြို့မှ ကြိမ်ချောင်းကျေးရွာဘက်သို့ ခင်မောင်အေးမောင်းနှင်လာသည့် အုတ်သယ် ယာဉ်အား သတင်း အရ ရှာဖွေရာဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၈ ဒသမ၂၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ထွန်းထွန်းလှိုင်၊ ညီညီထွန်းတို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်