ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများတင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် သန့်ရှင်းရေး အထူးအလေးထားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာများ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြတောင်းဆိုခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)