Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၀) အစည်းအဝေးသို့တက်ရောက်

ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး Pyi Thu Dana Co.,Ltd ၏ တည်ဆောက်ရေးကာလအား ပထမအကြိမ် (၃)လနှင့် ဒုတိယအကြိမ်(၃)လ၊ စုစုပေါင်း(၆)လ သက်တမ်းထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်အား အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောတူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)