Skip to main content

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်သတင်းရယူ

ဘူးသီးတောင်  ဖေဖော်ဝါရီ  ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရောက်ရှိနေသော ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်သတင်းရယူကြ သည်။

သတင်းမီဒီယာအဖွဲ့သည် ဘူးသီးတောင်မြို့နယ် သီရိမင်္ဂလာရွာမဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် စခန်း၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များကို ပြုစုစောင့်ရှောက်ထားမှု၊ စခန်းသို့ ရောက်ရှိလာ မှုများနှင့် စပ်လျဉ်း၍ သတင်းရယူကြပြီး ရွာမကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို သတင်းရယူကြသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် လမ်းမဘုန်းကြီး ကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ တိုက်ပွဲရှောင်မိသားစု များနှင့် တွေ့ဆုံမေးမြန်းသတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် ရန်အောင်မြေဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ ဘူးသီးတောင်မြို့နယ် လူငယ်များက တိုက်ပွဲရှောင်မိသားစုများအား စိတ်ဓာတ်မြှင့်တင်ရေး ဖျော်ဖြေတင်ဆက်နေမှုနှင့် တိုက်ပွဲရှောင်မိသားစုဝင်များအား တွေ့ဆုံမေးမြန်း သတင်းရယူခြင်းတို့ကို ဆောင်ရွက် ကြသည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့တွင် Myanmar Now၊ Eleven Media Group၊ VOA၊ CAN၊ European Press-photo Agency (epa)၊ BBC Media Action နှင့် Aljazeera သတင်းဌာနတို့မှ သတင်းမီဒီယာ သမားများပါရှိပြီး သတင်း မီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင် ဘာလမှ စတင်၍ သွားရောက်သတင်းရယူမှုအနေဖြင့် ၃၆ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်မောင်နှင့်ဂျေတီ

ဓာတ်ပုံ-သက်လွင်စိုး (မောင်တောပြန်/ဆက်)