စစ်ကိုင်း ဖေဖော်ဝါရီ ၂၉
၂၀၂၀ ပြည့်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ် အောက် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်ဇနီး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားသမားများနှင့် အသင်းခေါင်းဆောင် နည်းပြများ တက်ရောက်ခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တံခွန်စိုက်ဖလား ရရှိခဲ့ကြသည့် မုံရွာခရိုင်မှ အမျိုးသား၊ အမျိုးသမီးအသင်းတို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လည်းကောင်း၊ ပြိုင်ပွဲအလိုက် ဒုတိယ၊ တတိယ ပူးတွဲ ဆုရရှိသူ အားကစားများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများမှ လည်းကောင်း၊ ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)