Skip to main content

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇူလိုင် ၁၄

တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စဝ်စံထွန်း ဆေးရုံကြီးအတွက် Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks အခု ၃၀၀၀၀ ၊ N 95 Mask အခု ၁၂၀၀ ၊ Face Shield အခု ၃၀၀ ၊ Sodium Hypochloride (20L) ခြောက်ပုံး၊ Personal Protective Equipment (PPE) အစုံ ၇၅၀ ၊ Examination Glove အခု ၁၅၀၀ ၊ Hand Gel ဘူး ၃၅၀ ၊ Hand Sanitizer ဘူး ၃၅၀ ၊ OT Gown ဘူး ၅၀၀ တို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းက လက်ခံရယူသည်။

ပေးအပ်လှူဒါန်း

ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၈၀၈ လုံး၊ ရွှေဖီဦး ၈၀၈ ထုပ်နှင့် နန်းမြိုင်ကော်ဖီ ၈၀၈ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းသည်။


မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အင်းလေးဒေသတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးတက်ထွန်း၊ ရှမ်း စာပေယဉ်ကျေးမှုအဖွဲ့ နာယက ဦးစိုင်းနွံအောင်တို့နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လက်ခံရယူ

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များ အတွက် အဖွဲ့တစ်ဖွဲ့လျှင် Surgical Masks အခု ၂၀၀၀၀ ၊ N 95 Mask အခု ၅၀၀ ၊ Face Shield အခု ၂၅၀ ၊ Sodium Hypo-chloride(20L) ငါးပုံး၊ Examination Glove အခု ၁၀၀၀ ၊ Hand Gelဘူး ၂၅၀ ၊ Hand Sanitizer ဘူး ၂၅၀ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းရာ တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များက လက်ခံရယူ သည်။

ထို့နောက် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များကိုယ်စား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 ဆက်လက်ပြီး ဒေသခံတိုင်းရင်း သားကိုယ်စားလှယ်များက Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိတွေ့ကြုံရသည့် အခက်အခဲများ၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး

သတင်းစဉ်