နေပြည်တော် ဩဂုတ် ၁၂
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန (ရန်ကုန်) ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးကြ သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့် အတူ အမျိုးသားသွေးဌာန (ရန်ကုန်) ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ သွေးအလှူရှင် စေတနာရှင်ပြည်သူ များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများ ကို လိုက်လံကြည့်ရှုအားပေးရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်က သွေးလှူဒါန်းမှုဆိုင်ရာများနှင့်ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ စေတနာရှင် သွေး အလှူရှင်များနှင့်အတူ စုပေါင်းပါဝင်၍ အမျိုးသားသွေးဌာန (ရန်ကုန်) သို့ စုပေါင်း သွေးလှူဒါန်းကြပြီး သွေး လှူဒါန်းကြသည့် အရာရှိ၊ စစ်သည်များ၊ စေတနာရှင် သွေးအလှူရှင် များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အင်အားဖြည့်စားသောက် ဖွယ်ရာများကို ပေးအပ်ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အင်အားဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ အမျိုးသားသွေးဌာန (ရန်ကုန်) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်က လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအနေဖြင့် အမျိုးသားသွေးဌာန (ရန်ကုန်) သို့ သွေးလှူဒါန်းမှုအနေဖြင့် ယခုအကြိမ် အပါအဝင် ကိုးကြိမ်ရှိပြီဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်