Skip to main content

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် Covid -19 ရောဂါ ပြန့်ပွားမှု မရှိစေရေး စစ်တောင်း တံတားသစ်(မုပ္ပလင်) လမ်းဆုံ၌ ကျန်းမာရေးစစ်ဆေး နေမှုများအားမွန်ပြည်နယ်၀န်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ကျိုက်ထို ဩဂုတ် ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စစ်တောင်းတံတားသစ် (မုပ္ပလင်) လမ်းဆုံတွင် Covid-19 ရောဂါ မပေါ်ပေါက် စေရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး အနေဖြင့် ပဲခူး တိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် မော်တော်ယာဉ်များပေါ်၌လိုက်ပါလာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေ များကို ဩဂုတ် ၂၅ရက်၊ နံနက်(၁၁)နာရီက မွန်ပြည်နယ်၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးနေထွဋ်ဦးနှင့် တာဝန်ရှိသူတို့သည် Covid-19 ရောဂါ မပေါ်ပေါက်စေရေး အတွက် ပဲခူး တိုင်းဒေသကြီး ဘက်မှ ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ခရီးသွား ပြည်သူများအား ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ Scanner စက်ဖြင့် လူတစ်ဦးချင်းစီအား စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း များဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူ ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်း များနှင့် တွေ့ဆုံကာ လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)