Skip to main content

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး (၃၀%) နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃ %၊ Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅% တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။          

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့