Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်မတ် ၂၁ ရက်မှ ၂၂ ရက်အထိ နီပေါသံရုံးမှ ဦးစီးကျင်းပမည့် မြန်မာ-နီပေါကုန်သွယ်မှုနှင့် ခရီးသွားကုန်စည်ပြပွဲ - ၂၀၂၅ တွင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားကဏ္ဍမှ ပါဝင်ပူးပေါင်းပြသနိုင်ရေး၊ တောင်တက်ခရီးသွားလုပ်ငန်းနှင့် ဘုရားဖူးခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူပေါင်းဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားများ ခရီးစဉ်ဒေသများသို့ အပြန်အလှန်သွားလာလည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး၊ နီပေါခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်ရေး၊ နှစ်နိုင်ငံခရီးသွားကဏ္ဍအတွင်းရှိ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် နီပေါသံရုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်