နေပြည်တော် ဖေဖော်ဝါရီ ၂၀
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့်ဆက်စပ်ဝန်ကြီးဌာန ကိုးခုမှကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက NAQAC သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဘာသာရပ်သင်တန်းများ၏ သင်ကြားသင်ယူမှု အရည်အသွေး၊ ပညာတတ်များမွေးထုတ်ရေး၊ ဘွဲ့ရပညာတတ်အရည်အသွေးနှင့် သုတေသနစွမ်းဆောင်ရည်မြင့်မားရေးအတွက် အရည်အသွေးအာမခံမှုကို ကွပ်ကဲထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းဖြစ်သဖြင့် အမြဲရှင်သန်ထက်မြက်နေရန်လိုအပ်ပါကြောင်း၊ အာဆီယံတက္ကသိုလ်များကွန်ရက် အရည်အသွေးအာမခံမှုစနစ် (AUN-QA) အကဲဖြတ်မှု လမ်းညွှန်စာအုပ်ကို ပြုစုဖြန့်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ NAQAC ၏ အမျိုးသားပညာရေး အဆင့်အတန်းအကဲဖြတ်မှုလုပ်ငန်းစဉ် (NAQAC Accredi-tation Process) ဆိုင်ရာ မူဝါဒများ သတ်မှတ်အတည်ပြုကာ NAQAC ၏ စစ်ဆေးအကဲဖြတ်မှု လက်စွဲ (NAQAC Assessment Manual ) ကို ပြုစု၍ သင်တန်းပေးလေ့ကျင့်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပညာ ရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီအတွင်းရေးမှူး ဒေါက်တာကြည်ရွှင်က NAQAC က ဆောင်ရွက်ပြီးစီးသော လုပ်ငန်း များကို တင်ပြရှင်းလင်းပြီး တက်ရောက်လာကြသူများက ASEAN Qualifications Refer-ence Framework Committee နှင့် ဆက်စပ်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်