Skip to main content

ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေး ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပုဇင်းနိမ့်ကျေးရွာ၊ သူရတံခွန်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားများ၏ ကြက်၊ ဝက်၊ ငါး၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ယနေ့တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ဆက်လက်၍ သပြေစောင်းကျေးရွာ၊ ဂွေးမီကျေးရွာ၊ အင်ဖက်တောကျေးရွာ၊ ထန်းလေးပင်ကျေးရွာတို့ကို ကွင်းဆင်းပြီး အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။                                    

သတင်းစဉ်