နေပြည်တော် ဖေဖော်ဝါရီ ၂၃
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက်ဖော်ပြသည့် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဖေဖော်ဝါရီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင် ညို၊ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာစကား)တို့၏ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ နေသူရိန်၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ပါမောက္ခ ဦးသိန်းလှိုင်၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုမောင်မြင့် (Love of Wisdom)၊ ကိုကိုအောင်(အလုပ်သမား)တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၊ ပါမောက္ခ ကိုကိုအောင်၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ လဲ့လဲ့ဝင်း(သတ္တဗေဒ)၊ နွေကံ့ကော်(မြို့လှ)တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ခင်မောင်အေး၏ လူကုန်ကူးမှုဆိုင်ရာဆောင်းပါး၊ ထက်ဝေအောင် (စစ်ကိုင်း) ၏ အဂတိလိုက်စားမှုပပျောက်ရေးဆိုင်ရာဆောင်းပါး၊ K. M. A ၏ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာ ကောင်းစံတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ မြသိန်း၊ ဆောင်းဝင်းလတ်၊ မြသာဝင်း၊ စိုးစိုး(ပန်းတောင်း)၊ ရှင်စောဖြူ၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော်စာအုပ်ဆိုင် ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်