နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ခွဲတွင် ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် တောင်ကြီး မြို့ ကျောင်းကြီးစုရပ်ကွက် အနောက်မြို့ပတ်လမ်းတွင် မုန်းမုန်း (ခ) ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် သိန်း ၁၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၆၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်