Skip to main content

ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေရာသီအခြေခံအားကစားသင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လေ့ကျင့်လျက်ရှိသော ကြက်တောင်အားကစားသမားများကို တွေ့ဆုံအားပေးပြီး အမိုးပါရေကူးကန်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့သွားရောက်ပြီး အားကစားကွင်း/အားကစားရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်