Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် သားကောင်းတမန်မဂ္ဂဇင်း (၂ဝ၂၄ ခုနှစ်) ထုတ်ဝေခြင်းအခမ်းအနားနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၇

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၄ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နှစ်ပတ်လည်အထိမ်းအမှတ်သား ကောင်းတမန်မဂ္ဂဇင်း (၂၀၂၄ ခုနှစ်) ထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၄ ခုနှစ်) သည် (၂၇) ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်သည်။ အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသစုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရသည်။

သတင်းစဉ်