နေပြည်တော် မတ် ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို မတ် ၄ ရက်မှ ၆ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ အကြမ်းဖက်သမားများသည် ထိခိုက်ကျဆုံးမှုများ များလာသဖြင့် ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လာပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့သည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ဖြစ်စဉ်ဖြစ်ရပ် လွဲမှားသည့် သတင်းများဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်