Skip to main content

ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများအတွက် စာဖြေဌာနလေးခု စီစဉ်ထားရှိ

ရန်ကုန် မတ် ၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ (လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။                                    

သတင်းစဉ်