Skip to main content

ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၄၂၈ ဒသမ ၄၃ တန်ပေးပို့

နေပြည်တော် မတ် ၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် M.V Moe Hein (မိုးဟိန်း) ရေယာဉ်သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှပေးပို့သည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် ခွဲကျောက်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မှာယူသည့် ဆန် (40 Kg) ၃၂၁၂၁ အိတ်၊ ဓာတ်မြေဩဇာအိတ် ၁၅၄၀ နှင့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၁၄၂၈ ဒသမ ၄၃ တန်တင်ဆောင်၍ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်သည်။

ပို့ဆောင်

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် ၄၉ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၂၃၀၀ ဒသမ ၂၂ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန်အား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်