Skip to main content

ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင်း ပြည်သူ ၃ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့များမှ မတ်လ ၆ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါမြို့နယ်များ အနီးတစ်ဝိုက်ဝင် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိစုဖွဲ့နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။