Skip to main content

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်လိုသူများအား အသိပေးခြင်း

(၁၀-၃-၂၀၂၅)

၁။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသောစက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ်ထုတ်ပေးရေးစင်တာများ တစ်နေရာတည်း ပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမား စာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ OWIC ကတ်အသစ် ပြုလုပ်လိုသူများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက် (ကြာသပတေးနေ့) မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့် အတည်ပြုပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်) အရပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအားလည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့် သွားရောက်မည့်သူများအားလည်းကောင်း စိစစ်ပြီး OWIC ကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန