နေပြည်တော် မတ် ၁၀
“Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End- Term Review of the ASCC Blueprint 2025” သင်တန်းကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Orientation ခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းကို အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ၂၀၂၅ (ASEAN-China Cooperat-ion Fund (ACCF) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းဆရာများအဖြစ် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရှိ ကဏ္ဍအလိုက် တာဝန်ရှိကျွမ်းကျင်သူများက လာရောက်ပို့ချပေးမည်ဖြစ်ကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးကကြီးမှူးပြီး အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တွင်ပါဝင်သည့် ဆက်စပ်ဝန်ကြီးဌာနများ၏ အာဆီယံလူမှု- ယဉ်ကျေးမှုအသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ ပါ မဟာဗျုဟာမြောက်လုပ်ငန်းစဉ်များ၊ အာဆီယံနှင့်စပ်လျဉ်းပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် ကြေညာချက်များ၊ မှတ်တမ်းမှတ်ရာများ၊ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်များပါ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ASCC Database များကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် Update ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်နှင့်လုပ်ငန်းအစုအဖွဲ့များက အချက်အလက်များ၊ စာရင်းဇယားများကို စနစ်တကျထည့်သွင်း ဆောင်ရွက်နိုင်ရေး လက်တွေ့သင်ကြားပေးမည့် အစီအစဉ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End-Term Review of the ASCC Blueprint 2025” သင်တန်းအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်