Skip to main content

ဥပဒေရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းသက်သာဆိုင်ဖွင့်လှစ်

နေပြည်တော် မတ် ၁၀

ဥပဒေရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အပ်ကုန်စနစ်ဖြင့် ဖွင့်လှစ်သည့် ဝန်ထမ်းသက်သာဆိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန မျက်နှာစာရှိ ဝန်ထမ်းသက်သာဆိုင်ရှေ့၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

အဆိုပါ ဝန်ထမ်းသက်သာဆိုင်တွင် အခြေခံစားကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်အပါအဝင် လူသုံးကုန်ပစ္စည်းများနှင့် ဥပဒေစာအုပ်များကို ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

သတင်းစဉ်