နေပြည်တော် မတ် ၁၇
နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် အနီးဝန်းကျင်များတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ၌ တပ်မတော်မှ အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းကျေးရွာနှင့် အနီးဝန်းကျင်များတွင် ခိုအောင်းလှုပ်ရှားနေသည့် အကြမ်းဖက်သမားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် မြေပြင်မှလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ထိုသို့ထိခိုက်သေဆုံးမှုများရှိပါက တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လှုံ့ဆော်ရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။