နေပြည်တော် မတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်တွင် Nepal-Myanmar Partnership in Digital Transformation ကျင်းပပြုလုပ်မည့် အစီအစဉ်၊ ထိုသို့ကျင်းပရာတွင် ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုစနစ်အသုံးပြုခြင်းတို့ကို အထူးပြုပြသသွားမည့်အစီအစဉ်၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးအစီအစဉ်တွင် နီပေါ-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်