Skip to main content

ရေစကြိုမြို့နယ် ငတရော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထွက်ပြေးနေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ရန်ကုန် မတ် ၂၀

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ငတရော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၉ ရက်တွင် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထွက်ပြေးနေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရေစကြိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါရက်နေ့တွင် ငတရော်ကျေးရွာအား အနီးဝန်းကျင်၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ အဆိုပါနယ်မြေအတွင်းရှိ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်