Skip to main content

တောင်ကြီးမြို့၌ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းဖွင့်လှစ်

တောင်ကြီး မတ် ၂၀

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) ဖွင့်ပွဲအခမ်းအနားကို မတ် ၁၈ ရက်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မြတ်ဘုန်းရောင်သင်တန်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကာလကို မတ် ၁၈ ရက်မှ ၃၁ ရက်အထိ ၁၄ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်