Skip to main content

ပြည်ပနိုင်ငံမှ ပြည်နှင်သဖြင့် ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံ

နေပြည်တော် မတ် ၂၁

ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိရာ အမေရိကန်မှ ပြည်နှင်လိုက်သူနှစ်ဦးအား တာဝန်ရှိ သူများက ကြိုဆိုစောင့်ရှောက်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိပြီး ထိုသို့ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာနိုင်ငံစုံသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့်ပတ်သက်၍ အမေရိကန်အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိရာ ပထမအသုတ်နှစ်ဦးမှာ မတ် ၁၉ ရက်နှင့် မတ် ၂၈ ရက်တို့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်သည်။

နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန်နှင့် ရောက်ရှိရာနိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန်လိုအပ်ပြီး အမိနိုင်ငံအတွင်း၌ ဥပဒေ‌ဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ယခုပြည်နှင်ခံရမှုများက သက်သေပြလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်