ရန်ကုန် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Deputy Chairman (State Duma) ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Spe-cial Envoy for Asian Affairs,MFA Mr.Deng Xijun ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သောအဖွဲ့တို့သည် ယနေ့တွင်သတ်မှတ်ချိန်များအလိုက် ရန်ကုန်မြို့သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
အဆိုပါအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Iskander Azizov နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
