Skip to main content

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဧပြီ ၂၈

၂၀၂၆ ခုနှစ် မေ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ အလုပ်သမားဝန်ကြီးဌာနမှဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းသည်။

သွေးလှူဒါန်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

စုပေါင်းသွေးလှူဒါန်းခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ၏အသက်ကို ကယ်တင်နိုင်သည့်အပြင် သွေးတိုးရောဂါရှိသူများ၊ နာတာရှည်လူနာများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင်များမီးဖွားချိန်တွင်လိုအပ်ပါက အသုံးပြုနိုင်ရန်၊ အရေးပေါ်အခြေအနေများတွင် အဆင်သင့်အသုံးပြုနိုင်စေရန်၊ ရှားပါးသော သွေးအုပ်စုများကို သွေးလှူရှင်များကတစ်ဆင့်ရရှိနိုင်စေရန်၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်စေရန်မျှော်မှန်း၍ အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများအနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခြင်းဖြစ်သည်။

စုပေါင်း သွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း ၇၂ ဦးက သွေးလှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သွေးလှူရှင်ဝန်ထမ်းများအား ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်မှ တာဝန်ရှိသူများထံသို့ အလှူငွေ ကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်