Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်များနှင့်တွေ့ဆုံပြီး တက္ကသိုလ်များ ပုံနှိပ်တိုက်ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၈

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအစည်းအဝေးခန်း၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ရက်(၁၀၀) စီမံကိန်းအကောင်အထည်ဖော်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာထူထောင်ရေး၊ သုတေသနစာတမ်းဖတ်ကြားရေး၊ သုတေသနအခြေပြု သင်ကြားသင်ယူမှုစနစ်မြှင့်တင်ရေး၊ တက္ကသိုလ်ပရဝဏ်သန့်ရှင်းသာယာရေး ကိစ္စရပ်များကိုဆွေးနွေးပြီး ပါမောက္ခများ၏ တင်ပြအကြံပြုဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တက္ကသိုလ်များပုံနှိပ်တိုက်သို့ရောက်ရှိကာ တက္ကသိုလ်သုတေသနဂျာနယ်များ ပုံနှိပ်၊ ချုပ်လုပ်နေမှုအဆင့်ဆင့်ကိုကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်