Skip to main content

လူငယ်နှင့်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၇

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ တိုင်းရင်းသားလူငယ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးထံ အားကစားပစ္စည်းများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ထံ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များမေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်