Skip to main content

မွေးမြူရေးတောင်သူများအား ပံ့ပိုးပေးလျက်ရှိသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် ဇွန် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုရှိ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနမှ မွေးမြူရေးတောင်သူများအား ပံ့ပိုးပေးလျက်ရှိသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ရှင်းလင်းဖြေကြားသည်။

အလားတူ တောင်ညိုကျေးရွာအုပ်စုနှင့် သရက်တောကျေးရွာအုပ်စုတို့သို့ သွားရောက်၍ တိရစ္ဆာန်ကောင်ရေ တိုးတက်မွေးမြူရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုး ကျွေးမွေးရေးနှင့် မွေးမြူရေးစားကျက် ဖော်ထုတ်နိုင်မည့်အစီအစဉ်များ၊ မွေးမြူရေးလုပ်ငန်းတွင် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်